Seo Ye Ji
Seo Ye Ji ဧပြီလ ၆ရက်နေ့ ၁၉၉၀ ခုနစ်မှာမွေးဖွားခဲ့ပြီး ကိုရီးယားနိုင်ငံရဲ့သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ရပ်တည်နေပါတယ်။ သူမဟာ Potato Star ဆိုတဲ့ ၂၀၁၃ ခုနစ်ကထွက်ခဲ့တဲ့မိသားစုဒရာမာကားလေးနဲ့စတင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Diary of a Night Watchman 2014, Last 2015, Moorim School Saga of the Brave 2016 တို့မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမအနေနဲ့အောင်မြင်မှုကိုစတင်ဆွတ်ခူးစေခဲ့တဲ့ကားလေးကတော့ Save Me ဆိုတဲ့ ၂၀၁၇ ခုနစ်မှာထွက်ခဲ့ကားလေးရယ် Lawless Lawyer ဆိုတဲ့ ၂၀၁၈ခုနစ်မှာထွက်ခဲ့တဲ့ကားလေးထဲမှာအဓိကသရုပ်ဆောင်အနေနဲ့သရုပ်ဆောင်ပြီးလူသိများလာခဲ့ပါတယ်။ ၂၀၂၀ ခုနစ်မှာတော့ It's Okay to Not Be Okay နဲ့အကြီးအကျယ်အောင်မြင်မှုများရရှိခဲ့ပါတယ်။ 
သူမဟာသရုပ်ဆောင်အနေနဲ့လုပ်ဖို့စိတ်ကူးမရှိခဲ့သော်လည်း သူမရဲ့company CEO ရဲ့မျက်စိကျမှုကိုရရှိခဲ့ပြီး သရုပ်ဆောင်ဆက်လုပ်ဖို့ကိုကမ်းလှမ်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဇာတ်လမ်းတိုလေးများနဲ့ Potato Stars ဆိုတဲ့ကားလေးထဲမှာပါ ပါဝင်ရိုက်ကူးခဲ့ပါတယ်။
သူမအနေနဲ့ဇာတ်လမ်းတွဲအတော်များများမှာအရံသရုပ်ဆောင်အနေနဲ့ရိုက်ကူးခဲ့ပြီး အဓိကမင်းသမီးနေရာကနေ Save Me, Lawless Lawyer တို့ရိုက်ကူးပြီးနောက်မှာတော့ သူမကိုလူအများကသတိထားမိလာကြပါတယ်။
၂၀၂၀ခုနစ်ဟာသူမရဲ့တောက်ပတဲ့နှစ်ဖြစ်ခဲ့ပါတယ် It's Okay to Not Be Okay ထဲကဇာတ်ကောင်နဲ့အံဝင်ခွင်ကျဖြစ်ပြီး လူအများကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူမအောင်မြင်လာပြီးနောက်မှာပဲသူမအကြောင်းတွေကိုမီဒီယာများမှတစ်ဆင့်ဖော်ပြခဲ့ကြပါတယ်။

သူမသရုပ်ဆောင်ခဲ့တဲ့ဇာတ်လမ်းတွဲများ
| Eve | 0.0  | 
| It's Okay to Not Be Okay | 9.0  | 
| Lawless Lawyer | 8.3  | 
| Save Me | 8.6  | 
| Hwarang | 8.0  | 
| Another Miss Oh | 8.2  | 
| Moorim School | 7.6  | 
| Last | 7.9  | 
| Super Daddy Yeol | 7.6  | 
| Night Watchman's Journal | 7.3  | 
| Potato Star 2013QR3 | 7.5  | 

Comments
Post a Comment